Read before you buy
Spotify Individual Plan
Individual Plan ဆိုတာက ကိုယ်တစ်ယောက်တည်း သုံးရတာပါ။ 2~3 Devices လောက်အထိ ဝင်သုံးလို့ရပါတယ်။ ဒါပေမဲ့ ဒီကပေးတဲ့ Account ကို ဝင်သုံးရမှာဖြစ်ပြီး ကိုယ့်ရှိပြီးသား Account ကို Premium ဝယ်ပေးတာ မဟုတ်ပါဘူး။
2~3 Devices ဆိုတာ လူ 2 ယောက်၊ 3 ယောက် အတူသုံးလို့ရတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဥပမာ ကိုယ့်မှာ Phone၊ Laptop နဲ့ PC ရှိရင် အဲဒီ 3 ခုမှာ ဝင်ထားလို့ရတာကို 3 Devices လို့ ဆိုလိုတာပါ။ Devices အားလုံးမှာ ဝင်ထားလို့ရပေမဲ့ တစ်ချိန်တည်း ပြိုင်တူအသုံးပြုလို့ မရပါဘူး။ Family Plan ရဲ့ Device limit ကလည်း ဒီသဘောတရားအတိုင်းပါပဲ။
Spotify Family Plan
Family Plan ကို Share Account လို့ ထင်တတ်ကြပေမဲ့ မဟုတ်ပါဘူး။ Account ထဲမှာတော့ ကိုယ်တစ်ယောက်တည်းရှိတာပါ။ ဒါပေမဲ့ Family ထဲက တခြားလူတွေရဲ့ Playlist နဲ့ Favourite Songs တွေကို မြင်ရနိုင်သလို သူတို့ကလည်း ကိုယ့် Playlist တွေကို မြင်ရနိုင်ပါတယ်။ Family Plan သုံးမယ်ဆိုရင် ကိုယ်ပိုင် Playlist တစ်ခုလုပ်ပြီး သုံးတာ ပိုအဆင်ပြေပါတယ်။ Family Plan ကလည်း ဒီကပေးတဲ့ Account ကို ဝင်သုံးရတာပါ။